Saturday, July 30, 2011

အစွဲ

အစွဲ ဒါကို လူတစ်ယောက်ရဲ့ ယုံကြည်မှုလို့ပြောမလား ဒါမှမဟုတ် ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေနေကြောင့်ပဲလို့ဆိုလေးမလား သေချာရေရာစွာမသိပေမယ့် ဘယ်လို စွဲလမ်းခြင်းကမှ ကောင်းတာမဖြစ်နိုင်ပါဘူး။ လူဆိုတာကလည်း မကောင်းတာကို မကောင်းမှန်းသိပေမယ့်လည်း ပြင်ဖို့ခက်ခဲကြတာပဲမဟုတ်လား အဲ့ထဲမှာ ကျနော်လည်းပါ ပါတယ် ။

ဖြစ်ပုံက ဒီလိုပါ တိုက်ဆိုင်တယ်လို့ပြောရမယ်ထင်ပါတယ် ကျနော့်မှာ မကောင်းတဲ့ အစွဲလေးတွေရှိတယ် ။ မျက်ခုံးလှုပ်ရင် စိတ်ညစ်စရာတစ်ခုခု ပြသနာ တစ်ခုခုပေါ်တော့မယ်ဆိုတာ သိနေသလိုမျိုး စိတ်က သိနေတဲ့အတိုင်းလည်း တကယ်ဖြစ်ဖြစ်လာတယ် အဲ့တာကြောင့် မျက်ခုံးလှုပ်ပြီဆို ကျနော် တအားကြောက်ပါတယ် ကြီးတဲ့သူတွေကတော့ တံတွေးဆွတ် လွဲဟယ် ဖယ်ဟယ် ဆိုပြီး ပါးစပ်ကလေးက ရွတ်ပါတဲ့ အဲ့အတိုင်းလည်း လုပ်ကြည့်တာပါပဲ အားပုပ်ဆော်တွေ နံ့လာတာသာ အဖတ်တင်တယ် ဘာမှထူးခြားလာတာတော့မရှိ ပြီးတော့ အဆင်မပြေမှုတွေက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်ပါတယ် ။

အငယ်လေးတုန်းက အပေါ်သွားကျိုးတယ်လို့ အိပ်မက်မက်ရင် ကိုယ့်ထပ်အကြီးတွေ တစ်ခုခုဖြစ်တတ်တယ်လို့ ရွာက လူကြီးသူမတွေကပြောထားဖူးတော့ တကယ်များ ဖြစ်မလားလို့ စိတ်ပူမိရတာကလည်း အမောပါပဲ ကျနော်က အဝေးမှာနေတာဆိုတော့လည်း အဲ့လို စိတ်ဖိစီးမှုတွေက သိပ်များပါတယ် ။ ကိုယ်အဝေးရောက်နေတဲ့အချိန် ကိုယ့်မိဘ ညီကိုမောင်နှမတွေ တစ်ခုခုဖြစ်မှာ စိုးရိမ်းပူပန်ခြင်းမျိုးပေါ့ ။အိပ်မက်ကတော့ ခဏခဏကို မက်တာပါ ဒါကတော့ ကိုယ်ကိုယ်တိုင်လည်းမယုံပါဘူး ဘာကြောင့်ဆို ကျနော်က တစ်ညကို အိပ်မက် ၅ မျိုးလောက် မက်တတ်တဲ့လူစားမျိုး အိပ်မက် မက်လို့တောင် အားမရ စကားတွေပါ ယောင်တတ်တဲ့သူပါ ကိုယ့်တစ်ယောက်တည်း အိပ်ရင်တော့ ဘယ်သိမတုန်း သူငယ်ချင်းတွေ ဘေးမှာ ရှိတဲ့ အခါမျိုး အိမ်မှာရှိတဲ့အခါမျိုးတွေမှာ ကြားတဲ့သူတွေက ပြန်ပြောပြတာပါ ။

အစွဲ............ စိတ်ရဲ့ ချို့ယွင်းချက်ပဲထင်ပါတယ် နတ်တွေ ဗေဒင်တွေလည်း မယုံပါဘူး ရွာမှာ နတ်ပွဲတွေကျင်းပတုန်းက ကြောက်စရာကြီးတွေ ပြီးတော့ အရက်တွေ ညာသောက်နေတာလို့ကိုမြင်ပြီး လုံးဝကိုမယုံပါဘူး ဗေဒင်ကတော့ လူပျိုပေါက်လောက်တုန်းက တွက်ဖူးတယ် ကျောင်းက သူငယ်ချင်းတွေနဲ့ မုဒုံကန်ကြီးဘက် သွားလည်ရင်း ဘုရားဇောင်းတန်းမှာ ဗေဒင်တွက်တာ အဲ့တုန်းက ဗေဒင်ဆရာက အငယ်လေးတုန်းက တင်ပါးမှာ ၀ဲပေါက်ဖူးတယ်မှတ်လား တဲ့ အဲ့လိုကြီး ဒဲ့ပြောလိုက်တော့ သူငယ်ချင်းတွေက ရယ်လိုက်ကြတာဆိုတာ စိတ်နာပြီး ဗေဒင်ဆို လုံးဝကိုမတွက်တော့ပါဘူးး ။

ပြီးခဲ့တဲ့ တစ်ပါတ်လောက်က အိပ်မက်တွေမကောင်းဘူး စိတ်တွေလည်းယောက်ယက်ခတ် ဘာကိုမောမှန်းမသိပဲလည်းမောနေတော့တာ မျက်ခုံးတွေကလည်း ပြန်လှုပ်လို့ပေါ့ ဘာသာရေးလည်းမလုပ်ဖြစ်တာကြာတော့ စိတ်က စိုးရိမ်စိတ်တွေများနေပါတယ် ။ ကိုယ့်ပတ်ဝန်းကျင်က သူတွေများ တစ်ခုခုဖြစ်မလားပေါ့ တကယ်ကိုပဲ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အသိတစ်ယောက် ဆိုင်ကယ်တိုက်မှုဖြစ်တာ အရက်ကလည်းမူးနေတော့ ပိုဆိုး သွားတိုက်မိတာ လူက ဘာမှမဖြစ်ပေမယ့် ဆိုင်ကယ်ထိသွားတော့ လျှောပေး ပြင်ပေးရတယ် ဒါနဲ့တင်မပြီးပဲ ၀ါတွင်းဆိုတော့ ထိုင်းနိုင်ငံကလည်း အရက်သေစာသောက်စားခြင်းကို တော်တော်ကိုတင်ကြပ်ထားတာမျိုးတွေ့ရပါတယ် အဲ့အချိန်မှာမှ မနက် ၉ နာရီကျော်ကျော်လေးမှာ သူသောက်ထားလိုက်တာက degree 280 ဆိုတော့ တအားများနေလိုက်တာ ပုလိပ်က ဖမ်းသွားပါလေကော ။

လကုန်ခါနီးဆိုတော့ ရေခမ်းနေတဲ့ ကိုယ် အလုပ်ကနေ ဘယ်လိုမှထွက်လို့မရတော့ သွားမကြည့်နိုင်ဘူး ရုံးဆင်းတာနဲ့သွားတွေ့ ပိုက်ဆံလေးရှာပြီး ရွေးထုတ်ဖို့ သွားတော့ စာရင်းတင်လိုက်ပြီး မရတော့ဘူးတဲ့း( ကိုယ်အသိတစ်ယောက်ကို အဲ့လို အချုပ်ထဲမှာ သွားတွေ့ရတာ တကယ်ကိုစိတ်မကောင်းပါဘူး အဲ့လိုနေရာမျိုးမှာ အဲ့လို ကူညီခွင့်ရခြင်းကိုလည်း ကျနော်မကြုံချင်ပါဘူး ။ မူးယစ်မှုနဲ့ထောင်ကျမှာက အနည်းဆုံး ၂ လတဲ့ ရွေးထုတ်မယ်ဆိုရင် ဘတ်ငွေ ၂၀၀၀၀ နီးပါးလောက်ကုန်မယ် အဲ့လောက်ထိတော့ ကိုယ့်မှာ ကူညီနိုင်တဲ့ အင်အားမရှိခဲ့ဘူး တကယ်ကိုစိတ်မကောင်းစရာပါ ။

ဒီလိုစွဲလမ်းခြင်းတွေ ကျနော့်မှာ မရှိရင်ကောင်းမယ် အစွဲဆိုရင် ဘယ်လို အစွဲကိုမှလည်းမယုံကြည်ချင်ပါဘူး ဒါပေမယ့် တိုက်ဆိုင်မှုတွေကတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် ။ ခေတ်လူငယ်တစ်ယောက်မှာ ဒီလို အစွဲတွေရှိနေတာ ကောင်းတဲ့ အချက်တော့မဟုတ်ပါဘူး ကျနော့်ကို ကျနော်တော့ နော်မယ် ပဲထင်တာပါပဲ ။ ဒီပို့စ်ကို စိတ်မကောင်းဖြစ်မိလို့ရေးပါတယ် ။ လူတစ်ယောက်ရဲ့ အကြောင်းကို ပို့စ်ဖြစ်ရင် ပြီးကော ဆိုပြီး ကုန်ကြမ်း သဘောမျိုးနဲ့ ရေးခြင်းမျိုးလည်းမဟုတ်ပါဘူး ။

ကျနော့်မှာလည်း တစ်ခုခု လုပ်တော့မယ်ဆိုရင် အစွဲ တွေက ခပ်များများ :(

Sunday, July 24, 2011

ကြိုက်၏ မကြိုက်၏

တစ်ခါတုန်းက ကြိုက်တာတွေဆိုပြီး ပို့စ်တစ်ပုဒ်ရေးဖူးတယ် အခုက ကြိုက်တာတွေနဲ့ မကြိုက်တာတွေပါ ပူတွဲမေးထားတာပါ ရေးစရာရှားနေတဲ့ ကိုယ့်အတွက် တဂ်ပို့စ်လေးတွေက ကုန်ကြမ်းပေါ့ စာရေးဖို့ ခေါင်းစဉ်လေးရသွားသလိုပါပဲ တဂ် တဲ့ ကိုညိမ်းနိုင် ကိုကျေးဇူးတင်ပါတယ် တစ်ခါတည်း ချည်ပြီး တုန်ပြီး ပြောထားတာဆိုတော့ ရေးပြီးသားကြီးလို့လည်း ပြောမရတော့း) ။သူ့အတိုင်းလိုက်ရေးပါမယ် ။

ကိုယ်ခန္ဓာ........

ဒီအကြောင်းက ဒါ သက်သက်ရန်စတာပါ ကျနော့်မှာ ကိုယ်ခန္ဓာပက်သက်ပြီး အားနည်းတော့ ဖေ့ဘွတ်မှာ ပုံတင်တိုင် အားမနာ လျှာမကျိုး ဝေဖန်တဲ့သူတွေက အမြဲကြုံရပါတယ် ကိုယ်နာမည်ကြီးလို့ ဝေဖန်ခံရတယ်လို့ပဲ မှတ်ပါတယ်း) အကြောင်းက ကျနော် ပိန်လို့ပါ ဒီနိုင်ငံမှာများ ပိန်ချင်လိုက်တဲ့သူတွေ ထမင်းမဆာတဲ့ ကော်ဖီတွေ ပိန်ဆေးတွေ ညဘက်အိပ်ရေးပျက်ခံလို့မနက်ရုံးတင်ရင် မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့သူတွေ အများကြီးမြင်ဖူးပါတယ် ကိုယ်ကတော့ ၅နှစ်လောက်က လုံးဝ ပေါင်မတက် ကီလိုမတတ်ပဲထိုင်းထားနိုင်တာ ဆုတောင်ပေးသင့်တယ်လို့ထင်ပါတယ်း) တကယ်ပါ ပြီးခဲ့တဲ့လက ဆေးရုံမှာဆေးသွားစစ်တော့ ကီလိုမချိန်ခင် ကိုယ့်ပါသာပဲ အရင်ချိန်ထားဖူးတဲ့ဟာထည့်လိုက်တယ် နောက်တော့ဆရာမက လာပြီ ကီလိုချိန်ပြီးပြီလားဆိုတော့ ခေါင်းခါပြလိုက်တယ် တက်ချိန်တော့လည်း ကိုယ့်ဖြည့်ထားတဲ့ ကီလိုအတိုင်းပါပဲ ကျနော် ကီလိုမချိန်တာဖြင့်ကြာလှပြီ နောက်ဆုံးချိန်ထားတာ 2008 လောက်ကတည်းက ။ နည်းနည်းဝချင်တဲ့အတွက် အခုလက်ရှိ ပိန်နေတာက မကြိုက်တာထဲပါပါတယ် ။

ကျနော်မျက်နှာလေး ရှင်းနေတာကိုကြိုက်ပါတယ် ဆေးလိပ်မသောက် ကွမ်းမစားလို့လားတော့မသိ ကျနော့်မျက်နှာက ၀က်ခြံ ကြက်ခြံ ဘဲခြံတွေ မရှိပါဘူး နေ့လည်ခင်း အိပ်ပြီးလို့ မျက်နှာလေးသစ်လိုက်ရင် ချောနေတယ်လို့ထင်ပါတယ် လူကချောတယ်ပြောတာဟုတ်ဘူး မျက်နှာမှာ ဘုတွေမရှိတော့ ချောနေတယ်ကိုပြောတာပါ ။ပြီးတော့ ကျနော်က လက်သည်း ခြေသည်း ရှည်ရင် မနေတတ်ပါဘူး အဲ့တော့ တိုတိုတုံးတိတိလေးပဲ ကြိုက်ပါတယ်။

နှုတ်ခမ်းမွှေး ခဏခဏထွတ်တာကိုမကြိုက်ပါဘူး တစ်ခါခါ အလုပ်တွေများ စိတ်ရှုပ်လို့ မရိတ်ဖြစ်ရင် လူကကြည့်လို့မကောင်းအောင် ဖြစ်နေတတ်ပါတယ် အဲ့တော့ အနီးနားက လူတွေကပြောကော ကြွက်ဖြစ်နေပြီး နှုတ်ခမ်းမွှေးရိတ်ပါအုံးတဲ့။ အဲ့တာကြောင့် နှုတ်ခမ်းမွှေးတွေ ကျို့တို့ကျဲတဲပေါက်နေတာကိုမကြိုက်လှပါဘူး ။

အပြုအမူ ....

အပြုမူကတော့ အရမ်းသိသာတဲ့ ကျနော့်ရဲ့ အားနည်းချက်တစ်ခုပါ ။ ကျနော်က ဟန်မဆောင်တတ်ပါဘူး တစ်ချို့သော နေရာတွေမှာ ဟန်မဆောင်တတ်တာ ကောင်းပေမယ့်လည်း အသက်ကလေးရလား ရင်တော့ ဒီဟန်ဆောင်ခြင်း အနုပညာကို ကောင်းကောင်းမတက်ဘူးဆိုရင်တော့ ကျနော် ဒီဇတ်သဘင် လောကမှာ ရှင်သန်နိုင်မှာမဟုတ်ပါဘူး ဒါကိုလည်းသိပါတယ်း) အဲ့တာကြောင့် နောက်ပိုင်းတော့ ဗြောင်လိမ် ဗြောင်စား လုပ်ရတဲ့ အခါတွေတော့လည်းရှိတာပေါ့လေ ဒါပေမယ့် အဲ့အတွက်လည်း နောင်တ သိပ်မရဖြစ်ပါဘူး ။ စိတ်ညစ်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ မျောက်မှိုင်မှိုင်ရတာကိုကြိုက်တယ် မေးကြီးနှစ်ဖက်ထောက် ဆံပင်ကြီးစုတ်ဖွားနဲ့ တွေးချင်တာတွေတွေး ငေးချင်တာတွေ ငေးနေရတာကိုလည်းကြိုက်တယ် ။ စိတ်နဲ့ မခန့်မသင့်ရင် ပက်ခနဲပြန်ပက်တတ်တဲ့ အကျင့်ကိုလည်းကြိုက်သလို တစ်ခါခါတော့ အားလုံးကို လက်လျှော့လိုက်တဲ့ပုံစံ လူကြီးဆန်သလို နေလိုက်ရတဲ့ အပြုမူမျိုးကိုလည်းကြိုက်ပါတယ် ။

အပြုမူနဲ့ ပက်သက်ပြီးတော့ ကျနော့်မှာ ကောင်းတာတွေ သိပ်မရှိလှပါဘူး တစ်ခါခါ စကားပြောမတတ်တာတွေ မစဉ်းစားမဆင်ခြင်ပဲ လုပ်လိုက်မိတာတွေက အမှားတွေများလို့ အထင်မြင် လွဲမှားတာတွေလည်းခံရဖူးပါတယ် ။ တစ်ချို့ကလည်း ကျနော်ဟာ မာနကြီးတယ် ကြီးကျယ်တယ်လို့ထင်တတ်ကြပြန်ကော အဲ့အတွက်လည်း တော်တော်နေရခက် စိတ်မကောင်းဖြစ်မိပါတယ် သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို ကိုယ်က ပြင်ပိုင်ခွင့်မ၇ှိလေတော့လည်း ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့လေ ။

အစားအစာ

စားတာတော့ လက်တစ်စုတ်လောက် အစားမရှောင်တဲ့ထဲ ကျနော်ပါ ပါတယ် ကုန်းမှာ ကုတင် ရေမှာ သဘောင်္ပေါ့ ကျနော်မကြိုက်တဲ့ အစားစာ ခက်ရှားရှားပါ ။ ငါးထဲမှာ ငါးကလေး အိုးကပ်ကိုကြိုက်တယ် ။ မန်းကျည်းရွက်ကလေးနဲ့ ခါးခြောက်လေးစင်းကြော်ထားတာဆိုရင်လည်းကြိုက်တာပါ ရွာမှာ မျှစ်တာလပေါ့နဲ့ ငပိထောင်းရင်လည်း လွေလိုက်သလို ကျောင်းတက်တုန်းက အမေ ချက်ပြီး ပုလင်းလေးနဲံ့ ပို့ပို့ပေးတဲ့ အမေးသားပြုတ်ကြော်လည်းကြိုင်တာပဲ ။ ဖျော်၇ည်ထဲမှာဆို သဘောင်္သီးဖျော်ရည် အကြိုက်ဆုံးပါ ။ နေ့တိုင်း စားဖြစ်သောက်ဖြစ်နေတာတွေက ကော်ဖီနဲ့ မြေပဲလှော် မနက်ပိုင်း ကော်င်္ဖီသောက် ညနေပိုင်း မြေပဲံလှော် တစ်ထုတ် ၅ ဘတ်တန်နဲ့ ရေခဲရေ သောက်တာပါ အကုန်ကျသက်သာပြီး ဗိုက်တင်းပါတယ် ။ အစားသောက်နဲ့ဆိုရင်တော့ အိမ်က ကျနော့်အကြောင်းတော်တော်သိတယ် ကောင်းတာလေးဆို ဖွတ်ထားတတ်ပြီး နည်းနည်းလေးဖြစ်ဖြစ် သူများထပ် သာလိုက်ရမှ မဟုတ်ရင်တော့ မရဘူး ကိုယ့်အတွက် နည်းနည်းလေး ချန်ထားပေးတဲ့ ဝေစုထဲက တစ်ဖဲ့လောက်လေးပဲဖြစ်ဖြစ် ယူစားတာခံလိုက်ရရင်တော့ မစားတော့ပဲ ၀က်စာထဲ ထည့်ပစ်တတ်တဲ့ကျနော်ပါ အဲ့တာကြောင့် အစ်မတွေပြောတာ အစားနဲ့ ပက်သက်လာရင်တော့ အကျင့်တော်တော်ဆိုးတဲ့ကောင်လေးတဲ့ ။

အဝတ်အစား....

အ၀တ်စားဆိုရင် သေးသေးလေးတွေကြိုက်ပါတယ် အရောင်ဆိုလည်း တောက်တောက်လေးတွေ ကျနော်က အသားဖြူတော့ ဘာဝတ်ဝတ် အဆိုးကြီးတော့မဟုတ်လှဘူး ကိုညိမ်းနိုင်တို့လို သပိတ်ရောင်မှမဟုတ်တာ ဟဟား ။ အ၀တ်စားကို ဈေးကြီးပေးဝယ်ရတာတွေ မကြိုက်ပါဘူး အမှန်ကတော့ မ၀ယ်နိုင်တာပါ မြေခွေးက စပျစ်းသီးချဉ်တယ်ပြောသလိုပေါ့း) တကယ်တော့လည်း ကိုယ်တတ်နိုင်တာလေးနဲ့ လှအောင်ဝတ်ရတာပေါ့ဗျာ ။ ဒီမှာလို အ၀တ်စားပေါ ဈေးချိုတဲ့နေရာဆိုတော့လည်း ကိုယ့်အတွက် ကံကောင်းတာပေါ့ ဘတ် ၂၀၀ တန်လောက်ဆို ကောင်းကောင်းဝတ်လို့ရပါပြီ အကျီင်္ဆို လက်ရှည်နဲ့ ဗြောင် ဒါမှမဟုတ် ကနုတ်လေးတွေဖော်ထားတာတွေ ကြိုက်ပါတယ် အဖြူရောင်ဆိုရင်တော့ တိုတိုရှည်ရှည် ၀ယ်ဖြစ်တာများတယ် ။ ခုနောက်ပိုင်း အပြင်မှာ ထပ်ဝတ်တဲ့ အကျီင်္မျိုးလေးတွေ သဘောကျနေပါတယ် ၀ယ်တော့ မ၀ယ်ဖြစ်သေးပါဘူး။

ဘောင်းဘီဝယ်လို့ ရှိရင်တော့ ကျနော့်အတွက် တော်တော် ဒုက်ခရောက်တဲ့ အချိန်ပေါ့ ဈေးဆိုင်က ကောင်မလေးတွေ ခါးနံပါတ် ဘယ်လောက်လဲမေးရင် သိပ်စိတ်တိုတာပါ ဘာမှလည်းမဆိုင်ဘူးနော့် မကြားသလိုလိုနဲ့ လုံးဝမဖြေဘူး ကိုယ့်ပါသာရွေး ကိုယ့်ပါသာ ခါးနံပါတ် လှန်ကြည့်ပြီး ယူမယ့် အထည် ထိုးပေးလိုက်တော့တာပါ ကျနော့် ခါး သေးတာ လူသိခံလို့ ဘယ်ဖြစ်မတုန်းနော့် ။ နောက်တော့ လမ်းသရဲဆန်တယ်လည်းမဟုတ်ပဲ လက်မှာ စိတ်ပေါက်ရင် တပ်ဖြစ်တဲ့ လက်ပတ်ကြိုးတွေ ၀ယ်ဖြစ်တယ် စိတ်ပေါက်ရင် စွပ် စိတ်မပါတဲ့အခါ ချွတ် ပေါ့ ။ဖိနပ်ဆိုလည်း အငယ်တုန်းက တစ်ရံပြတ်မှ တစ်ရံ ၀ယ်ရလို့လားမသိပါဘူး ခုထိ မဟောင်းသေးပဲ နောက်တစ်ရံ ၀ယ်စီးရမှာ တအား နှမြောပါတယ် ။ အဲ့တာကြောင့် ဈေးတော်ပြီး စဘိုင် စဘိုင် စီးလို့ရမယ့် 99 ဘတ်တန်တွေပဲ စီးတာများတယ် နွေးဆို ခြေညှပ် ဖိနပ် ပါးပါးစီးပြီး ဆောင်းဆို ခြေဖမိုးလုံတဲ့ ဖိနပ်နွေးနွေးစီးပါတယ် ခု လိုမိုးတွင်းဆိုရင်တော့ မိုးထိလည်း ဖိနပ်မှာ ရေမ၀ပ်နေမယ့် ခပ်မာမာ ဖိနပ်သားမျိုးပါတာတွေ စီးဖြစ်တယ် ။

နဂို ကရှိပြီးသားဆိုတော့ နဂိုင်းထွက်ပြီးသားပါလေ ဘာဝတ်ဝတ်လှတယ် ( ဒါက ကိုယ့်ကိုယ်ကို အတင်း အားပေးထားရတဲ့ အသံပါ ) ။

ကြိုက်တာတွေကော မကြိုက်တာတွေကောက အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ ပုံသေကြီးမပြောတတ်ပါဘူး ဒါတွေကတော့ ကျနော် လတ်တလောကြိုက်တယ် မကြိုက်ဘူးထင်တာတွေပေါ့ စာရေးဖို့ပျင်းနေတဲ့အချိန် စာရေးစိတ်ပျောက်သလိုလိုဖြစ်နေတဲ့အချိန် ရေးစရာပို့စ်လေးအတွက် ကျေးဇူးပါ ။

Monday, July 18, 2011

ကျနော့်အဘ

အဘ .... ကျနော်တို့  မိသားစုလေးမှာတော့ အဘကအမြဲတမ်း အရံလူ ဘာကြောင့်ဆို နောက်ကွယ်မှာသာ အဘက ဘယ်လောက်ပင်ပင်ပန်းပန်းလုပ်ရပါစေ စကားတွေအများကြီးပြောရမယ့်အလုပ်မျိုး လူတွေအများကြီးကြား တိုးဝှေ့ ရှုပ်ရှက်ခပ်နေရမှာမျိုးဆို အဘက မကြိုက်တတ်ပါဘူး ။ အမေ့အကြောင်းတွေပဲ အရေးများတဲ့ ကျနော်က အမေ့သားပဲလားဆိုတော့လည်း အဲ့လိုလည်းမဟုတ်ပြန်ဘူး အငယ်တုန်းက လူကြီးတွေက အဘနဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲဆိုရင် လက်၂ချောင်းထောင်ပြလိုက်တယ် ဆိုလိုတာက အဘကိုကော အမ့ကိုကောပေါ့ ။ကျနော် မှတ်မိသလောက် အဘက အလုပ်နဲ့လက်ပြတ်တယ်ရယ်ဆိုတာ သိပ်မရှိလိုဘူး ။ အဘအကြောင်းလေးတွေ တစ်စွန်းတစ်စရေးဖြစ်သေးတယ် အဘ ပန်းကန်တွေ ခွဲတတ်တဲ့အကြောင်း အရက်မူးတတ်တဲ့အကြောင်း ဒါပေမယ့် ကျနော်မရေးဖြစ်သေးတဲ့ ကျနော့်ရဲ့ အဘအကြောင်းတော်တော်များများကျန်နေသေးတာ ပြန်စဉ်းစားမိတယ် ။

အဘ အခေါ်ဝေါ်က စပြောရမယ်ဆိုရင်တော့ သူများတွေလို ဘာကြောင့် အဖေလို့မခေါ်ဖြစ်တာလည်းဆိုတာ အရင်ပြောရမယ်ထင်တယ် ။ အဘရဲ့ အဖေကိုလည်း အဘက အဘလို့ပဲခေါ်ခဲ့တာပဲ အဲ့တော့ ကျနော်တို့ မောင်နှမတွေကို အဘက သူ့ကိုစခေါ်ခိုင်းတည်းက အဘလိုခေါ်စေခဲ့တယ် ။ တစ်ခုခုခိုင်းစရာရှိရင်လည်း “သားရေ အဘကို ကွမ်းအစ်ကလေး ယူခဲ့ပေးပါအုံး ” ဆိုသလိုမျိုး ။ အဘကို မျက်လုံးထဲမြင်ယောင်လိုက်တိုင်း အကျီ င်္ချွတ် ပြီးတော့ လုံချည်ကြမ်းကို ဒူးအထက် ၀င်ဆင်ထားတဲ့ ထွားထွားကြိုင်းကြိုင်း ကရင် ဦးလေးကြီးတစ်ယောက်ပေါ့ အဘက ဖိနပ်စီးရမှာပျင်းတယ် စကားအများကြီးပြောရမှာ ပျင်းတယ် ။ အဘ ဖိနပ်ရာဇ၀င်နဲ့ အမေက ဘယ်လောက်ဝယ်ပေးပေး အဘက ဖိနပ်ကို မေ့တတ်တာပါ သူ့ခများ အတင်းသတိထားရ အမေဆူပါများတော့ အလှူတွေသွားတိုင်း အဘက ယိုးဒယား ဖိနပ်ကြီး ခါးကြားထိုးလို့ ဖိနပ်မစီးတာများတော့ အဘက ခြေဗလာကြီးလျှောက်နေလည်း ဖိနပ်င်္စီးထားတယ်လို့ ထင်မိကောတဲ့ အဘက တောတိုးလည်း ခြေဗလာကြီးနဲ့ပါပဲ တော်ရုံအဆူးလောက်က အဘရဲ့ ခြေကိုမတိုးတော့ဘူး ဒါက ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ်သန်းခဲ့ရတဲ့ အဘရဲ့ အမြင်သာဆုံး ဥပမာပါပဲ ။

ကျနော့်အဘက ပါးစပ်ဆိုင်းလည်းတော်တော် တီးတတ်ပါတယ် ညညဆို သူ့ပါသူ ဒိုးတီး သူ့ပါသူ ဗုံတီးနဲ့ မူးမူးနဲ့ဆို သီချင်းတွေ ဆိုတတ်ပါသေးတယ် ။ အဘ မြို့ကိုထင်းလှည်းတိုက်ပို့ပြီး ပြန်လာရင် အိမ်ကနေ အဘ လှည်းသံကို နားထောင်ရတာလည်း စိတ်ဝင်စားစရာတစ်မျိုးပါပဲ အဘပြန်လာရင် ကျနော်တို့အတွက် မုန့်ပါခဲ့မှာကိုး အဘနဲ့ လှည်းတူတူမောင်းတဲ့အခါကျ နွားကြိုးကိုကိုင်ပြီး “ ဟဲ့နွား ဟဲ့နွား“ လို့အော် နွားလှည်းမောင်းခဲ့ရတဲ့ အမှတ်တရတွေဟာလည်း ကျနော့်အတွက်တော့ ကားမောင်းသင်ရတာထပ် ပိုပျော်စရာကောင်းပါတယ် ( ကားလည်းမမောင်းတတ်ဘူး တစ်မျိုးတစ်မည်ထင်ကုန်ကြမှာစိုးတယ် ) ။ အဲ့တုန်းကတော့ အဘက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ငါ့သား နောက် ၂ နှစ်လောက်ဆို တော်တော် အားကိုးလို့ရပြီး ခုတောင် လှည်းကောင်းကောင်းမောင်းတတ်နေပြီတဲ့ အဘက အဲ့လိုပြောပေမယ့် ကျနော်ကတော့ အဘ အားကိုးရတဲ့ သားတစ်ယောက် မဖြစ်ခဲ့ပါဘူး တစ်ခါခါ စိတ်ပေါက်လို့ နွားလှည်းမောင်းမယ်ဆို ဘယ်ကွေ့မယ်ဆို ညာနွားကြိုးကိုဆွဲ ဇက်ကြိုးတင်းမယ့်နေရာေ၇ာက်ရင် ကြိုးကို လျှော့ပေးမိလို့ နွားတွေတောင် ကြောင်တောင်တောင်ဖြစ်ကုန်တဲ့ ခပ်ညံ့ညံ့တောသားကျနော်ပါ ။


အဘ ကောင်းနေရင် အလုပ်လုပ်တာ ဘယ်သူမှမမှီပါဘူး မနက်လေးနာရီကြီး ထပြီး လရောင်နဲ့ ပေါက်တူးထပေါက်တတ်တဲ့ ကျနော့်အဘ သားသမီးတွေကို စိတ်ဆိုးခဲ ဆူခဲတဲ့အဘ အဝေးရောက်နေတဲ့ သားသမီးတွေကို သတိရပါတယ်လို့ တစ်ခါမှ မပြောပေမယ့် အဝေးကပြန်လာတဲ့ သားတွေကိုမြင်တိုင်း ကွမ်းဂျိုးတွေတတ်နေတဲ့သွားတွေ ပေါ်အောင် အပြုံးတွေ တပ်ဆင်ထားတတ်ပါတယ် ။ ကျန်းမာရေး ချူချာတဲ့ကျနော့်ကို စိတ်ပူလို့ ရိုးရာနတ်မြှောက်ရ ကန်တော့ပွဲ ပေးရတဲ့အခါကျ ဘုရားတောင် ပုံမှန်မရှစ်ခိုးဖြစ်တဲ့ ကျနော့်အဘ တောသားကြီးက သားဇောနဲ့ မနက် အစောကြီးထ နတ်မြှောက်တတ်တဲ့ မြင်ကွင်းတွေဟာလည်း ပြန်စဉ်းစားမိတိုင်း ကြည်နူး ၀မ်းနည်းမိပါတယ် ။

အဲ့လောက်အကြမ်းခံ စိတ်ကြမ်း လူကြမ်း အဘက နေမကောင်းဖြစ်ရင်တော့ တကယ်ကို ခလေးဆိုးကြီးဖြစ်သွားတတ်ပြန်ကော နေမကောင်းဖြစ်ရင် အဝေးက သားသမီးတွေကို ဟိုလူ့ခေါ်ပေး ဒီလူ့ခေါ်ပေးလို့ ပူဆာတတ်ပြန်ကော သူနေမကောင်းရင် သားသမီးတွေ အားလုံး အနားမှာ ပြုစုနေမှ ကျေနပ်တာပါ ပြီးတော့ တညလုံးလည်း နှိုးနေတတ်တယ် တစ်ယောက်ကို ခေါ်မရ နောက်တစ်ယောက်ခေါ်ပြန်ကော ကျနော်တို့တွေက မခံနိုင်တော့လို့ မထူးရင် အမေထိပြန်ပေါ့ အမေ့ခမျာ မခံနိုင်တော့ဘူးထင်ပါ့ “ အမလေး ငပေါရေ့ ဖျားတာက နင် သေမှာက ငါဟ ” ဆိုပြီး အမေက ဒေါသထွတ်တတ်ပါတယ် ကျနော်တို့ အိပ်ချင်ယောင်ဆောင်လည်း “ သားငယ် ဝေ့သားငယ် အိပ်ပြီလားကွ ” ပြန်မဖြေ မချင်း အဘက အဲ့တိုင်းကို ခေါ်နေတော့တာ “ အားး... အိပ်ပါပြီဆို သားကပြန်ဖြေရအုံးမှာလားဗျာ ” ဖျားနေတဲ့ အဘကကို အဲ့လို ဂျီပြန်တိုက်တတ်ပါတယ် ။

ကျနော့် အဘက သူများနဲ့မတူ တစ်မူထူးပါတယ် အမေက အိမ်ဆောက်မယ် နွားရုံဆောက်မယ်ဆို နေ့ကောင်းရက်သာလေးရွေး ဗေဒင်လေး ဘာလေးတွေတွက်ပါတယ် တစ်ခါ အိမ်တိုင်ထူဖို့ဆိုပြီး နေ့ကောင်းရက်သာရွေးဖို့ အမေက မြို့တက်ပြီး ဗေဒင်သွားမေးတာ နောက်ပိုင်းမှာ အဘက အိမ်တောင်မိုးပြီးသွားပြီး မြန်ချက်ပြောပါတယ် အမေက ပွစိပွစိလုပ်ရင်တော့ အဘကပြန်ဖြေတာ ” ကြာပါတယ်ဟာ ကိုယ့်အိမ်ကိုယ်ဆောက်တာပဲ ကိုယ်ဆောက်တဲ့နေ့ နေ့ကောင်းပေါ့ ဘာရက်ရွေးနေစရာ လိုသလဲ ” တဲ့ အဲ့တာလည်း ဟုတ်နေပြန်ကော ။အသက်ကလေးတွေရလာတော့ အမေကလည်း အဖွားကြီးဖြစ်ပေါ့ စကားတစ်ခွန်းရမပြီးတော့ဘူး အမေရစ်တာက မမူးပဲရစ်တာမျိုး တစ်ခြားသူကိုတော့မဟုတ် ကျနော့် အဘတစ်ယောက်တည်းကို အမေ့ပါသာ အမေပြောချင်တာပြော အဘကတော့ ဘာမှမကြားသလို သူ့အနား မာမာအေး သီချင်းဆိုနေသလား အမှတ်နဲ့ အေးအေးလူလူအိပ်လို့ပါ အဲ့ကျ ကျနော်တို့က သတိပေးရတယ် “ မေ့...ဟိုမှာ အဘကဖြင့်အိပ်လို့ ဘယ်နှစ်ရေးရနေပြီလဲမသိ အမေကပြောနေတုန်း ” အမေ့ခမျာ အူလည်လည်နဲ့ “ အဲ့တာပဲကြည့် အဲ့တာပဲကြည့်ကြတော့ ဖားအော်တာ လူသိတယ် မြွေကိုက်တာ လူမသိဘူးဆိုတာ ဒါမျိုးပေါ့ ” တဲ့း) ။

ဖုန်းပြောဖြစ်တိုင်း “ အဘနေကောင်းရဲ့လား ”ေ မးမိတိုင်း အဘ ပြန်သတိပေးတာက “ မင်းအဘက မာပါတယ်ဟ သံချောင်းပါ မင်းတို့သာ ဂရုစိုက်ကြ” တဲ့ အဘအသံတွေကတော့ တကယ်ကိုမာတုန်းပါ ။ အခုလည်း ကျနော်တို့နေရာတွေမှာ သူ့မြေးတစ်အုပ်နဲ့ ပါးစပ်ဆိုင်းတီးလို့ အဘက သီချင်းတွေဆိုတုန်း မြေးတစ်အုပ်နဲ့ ဟိုမြေးကုန်းပိုး ဒီမြေး ပုခုံးပေါ်တင်နဲ့ အပူပင်ဆိုတာ ကင်းတဲ့ ခလေးဆိုးကြီး ကျနော့်အဘဟာ ကျနော်တို့တွေအတွက်တော့ အဖိုးဖြတ်မရတဲ့ ဖခင်ကောင်းတစ်ယောက်ပါ ဒီတစ်ခါ အိမ်ပြန်ရင်တော့လား အဘချက်ကျွေးမယ် ဗူးသီးဟင်းခါးနဲ့ ငပိထောင်းကို မြိန်မြိန်ကြီး တီးပစ်အုံးမယ်လို့ တေးထားမိပါရဲ့ အဲ့အချိန်ကျ အဘတစ်ယောက် ကွမ်းဂျိုးတွေတက်နေတဲ့ သွားတွေပေါ်အောင် အပြုံးတွေ တပ်ဆင်ထားမှာတော့ အသေအချာပေါ့ဗျာာ ။




Wednesday, July 13, 2011

အားလုံးကို ရှုပ်နေတာပဲ ။

အားလုံးကို ရှုပ်နေတာပဲ ။း) အားလုံးက ရှုပ်နေတာတော့မဟုတ်ဘူး ကိုယ်က အားလုံးကိုသွားရှုပ်နေတာပိုဖြစ်နိုင်တယ် ။ ခုရက်ပိုင်း အလုပ်တွေများနေသလို ဘာရယ်ဆိုတော့လည်း ဟုတ်တိပတ်တိ မရှိပါဘူး အွန်လိုင်းမှာတော့ ခိုးချက်တာပါပဲ တစ်ချို့ကတောင်ပြောသေး အဲဗား အွန်လိုင်းဆိုလား ။ ပြီးခဲ့တဲ့ လကတည်းက သိပ်မအားပါဘူး မဲဆောက်မှာ နေထိုင်ခွင့်တွေမလုပ်ပေးတာ ၃ နှစ်လောက်ရှိပြီ အရင်က အခွန်ဆောင်ပြီး နေဖို့ကို လုံးဝကိုစိတ်မပါတဲ့ကောင် ပြီးတော့ ပြန်ချင်တဲ့အချိန် ထပြန်လို့ရအောင် ဘာလက်မှတ်မှလည်းမလုပ်ထားပါဘူး သွားတာကလည်း ခပ်ဝေးဝေးမရှိတော့ မလုပ်ဖြစ်ဘူး ဒီနှစ်တော့ ထိုင်းမှာနေတာကြာပြီ ဘယ်တွေသွားဖြစ်လည်းမေးရင် ဘယ်မှမရောက်ဖူးဘူးဆို သိပ်တော့မဟုတ်ဘူးလေ အဲ့တော့ ယာယီပတ်စပို့စ်လေးလုပ်ချင်လို့ အဲ့ဒီအခွန်ဆောင်ပြီးမှရတဲ့ လက်မှတ်တွေ လုပ်ဖြစ်တယ် ။

သူများနိုင်ငံများနေရတာ မကောင်းချက်ပြောပါတယ် သူတို့ကြေငြာချက်ထုတ်ထားတဲ့ ပုံစံကြီးက ဆိုးလိုက်တာ “ တရားမ၀င်နေထိုင်နေသူများအား ” ဆိုတာကြီး ဖတ်ရတာ ဆိုးလိုက်တာ ပြီးတော့ နမူနာပြထားတဲ့ ပုံတွေက မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကိုယ်တို့ရဲ့ ရွှေပြည်ကြီး ကိုယ့်အမျိုးတွေပုံ ။ ဒီမိုကရေစီနိုင်ငံသာဆိုတယ် အထင်ကြီးစရာတော့လည်း သိပ်မရှိပါဘူးလေ အပေါ်စား အောက်စားတွေကြီးပဲ ။ မျက်နှာကြောမာမာတွေကို ဆော်ဝါဒီ လုပ်ရတာကလည်းတော်တော် စိတ်ပျက်ဖို့ကောင်းတယ် ကျနော်ကတော့မလုပ်နိုင်ပါဘူး လက်အုပ်ချီရတာ တော်တော် ရိုသေမှ လုပ်ရတာလို့ ကျနော်တော့ထင်တာပဲ ကိုယ်က အခွန်ဆောင်ပြီး သူတို့ကို လက်အုပ်ချိင်္ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့လိုလို့လား အလကားဟာတွေ ။ ဒေါသကထွက်လာပြီ ။

( ဒါက တန်းစီပြီး မနည်းတိုးထားရတဲ့ လက်မှတ်လေး ဘာမှမဟုတ်ပဲ ၃၀၀၀ လောက်ကုန်ပါတယ် )


အလုပ်မှာလည်း ဘာလို့ လူတွေနည်းနည်းသွားသလဲမသိတော့ပါဘူး ထွက်ကြတာ တစ်ယောက်ပြီးတစ်ယောက် အဓိကကတော့ နယ်စပ်တံတားကြောင့် စီးပွားရေးတွေ သိပ်မကောင်းတော့ အလုပ်ရှင်ကလည်း အပြစ်တွေ ရှာတာမျိုးလည်းဖြစ်နိုင်တာပေါ့ ကိုယ်ကတော့ နည်းနည်းအထိနည်းတယ် ။ လူနည်းပြီး အလုပ်တွေပိလာပေမယ့် လစာကတိုးသလားဆိုတော့ မတိုးပါဘူးး) ဒါက ကြော်ငြာ ဟဟား ။ ကိုယ်က နည်းနည်း နှုတ်ကသွက်တော့ အလုပ်တွေ ပိုပိုပေးလာတယ် အမေက ကျနော့်ကိုမွေးတုန်းက ဟိုစပ်စပ် ဒီစပ်စပ်ပါတတ်တဲ့ အကျင့် မပေးခဲ့ကောင်းသား အခုတော့ပင်ပန်းပြီ ။ အလုပ်ပြီးတာနဲ့ တက်နေတဲ့သင်တန်းကလည်း ပြေးရသေးတော့ အချိန်တွေက ကုန်မှန်းမသိ ကုန်မြန်နေတယ် ည ၈ နာရီလောက်မှ အခန်းပြန်ရောက် လျှော်ဖွတ် မီးပူတိုက် လုပ်စရာရှိတာလေးတွေလုပ်တော့ ၁၀ နာရီက ဘယ်လိုထိုးသွားမှန်းမသိတော့ ။ အချိန်တွေကုန်မြန်ချက်ပြောပါတယ် လူလည်းတစ်ဖြည်းဖြည်း အရွယ်ကျလာတယ် စိတ်ကလည်း တိုမြန်နေသလားလို့ သိပေမယ့် ပြင်မရတာကလည်း ခက်တယ် ။

ကျန်းမာရေးကလည်း တစ်လမှာ တစ်မျိုးမဖြစ်ရင် မကျေနပ်ဘူးထင်ပါ့ ရေယုံပေါက်တာ ကိုယ့်ရဲ့ လှတပတ နှုတ်ခမ်းလေးက ထော်လန်ကြီးဖြစ်လို့ ဖေ့ဘွတ်မှာတင်တော့ စိတ်ပူပေးကြပြီး ဆေးတွေပြောပြကြသား ။ ရယ်လို့မရ မှပဲ ရယ်စရာတွေကတွေ့တွေ့နေသလို ဖိနပ်သွားဝယ်တော့ ဆိုင်က ဦးလေးကြီးက ကျနော်က စကားပြောရင် နှုတ်ခမ်းကို လက်ကလေးနဲ့ကွယ်ပြီးပြောတာ အားနာလို့ပါ နည်းနည်းလည်းနေရခက်လို့ အဲ့တာကို သူက ဟုတ်တိပတ်တိနဲ့ ကိုယ့်လက်ကြီးဖယ်ပြီး “မင်းကောင်မလေး ကိုက်လိုက်တာမှတ်လား ဟဟား ” တဲ့ အဲ့လိုသာဆိုရင်တော့ နှုတ်ခမ်းကြီး ပြတ်ထွက်ရင် ထွက်သွားပါစေ ကိုက်ပစ်လိုက်စမ်းပါပေါ့ အခုများတော့ ဆေးလိမ်းပေးမယ့် သူလေးတောင်မရှိ ။

ဒါနဲ့ ကျနော် ပို့စ်တွေ အတင်ကျဲနေလို့သာ ဖြစ်ညှစ်ရေးလိုက်တာ ကိုယ့်ပါသာရေး ကိုယ့်ပါသာပြန်ဖတ်လိုက်တာ ချာချာကိုလည်သွားတာပဲး) ဘာတွေမှန်းလည်းမသိတော့ဘူး အေးလေ နော့်ဗျာ အားလုံးကို ရှုပ်နေတာပဲ :P သည်းခံပြီးဖတ် နားလည်သလိုဖတ် ဖတ်ချင်သလိုဖတ်သွားကြနော့် ။




Tuesday, July 12, 2011

ညီမျှခြင်း (=)

မာန = ချနင်းခံစရာပစ္စည်း

အမုန်း = တောက်လောင်လွန်းတဲ့ မငြိမ်းသောမီး

အချစ် = စိစိညက်ညက်ကြေအောင် ၀ါးခံရပြီးထွေးထုတ်ခံလိုက်ရတဲ့ ကွမ်းတံတွေး

ဂုဏ်သိက္ခာ = ပညာတတ် လူချမ်းသာများနှင့်သာ သက်ဆိုင်ပြီး cover ပေးနေသော အရာ

ဂရုစိုက်မှု = ဥပက္ခာတရားတွေတန်ပြန်သက်ရောက်စေခြင်း

ရိုးသားခြင်း = အမှားခဏခဏ လုပ်မိတဲ့သူအတွက် ဟစ်ကြွေးနေကျစကား

အရှုံး = ရိုအီနေပြီး ထိတွေ့ပါများလို့

မေတ္တာ = ကွဲအက်နေတဲ့ ကြည့်မှန်တစ်ချပ် တစ်ခါခါတော့ ဘာမှမမြင်ရလောက်အောင် မှောင်မိုက်နေတတ်တယ် (ပေးတိုင်းပြန်မရတဲ့ နုညံ့တဲ့စိတ်ခံစားမှုတစ်ခု)

ညီမျှခြင်း = မညီမျှခြင်းတွေကို နှိုင်းယှဉ်ပြထားတဲ့ ( = ) သချာင်္အက္ခရာ


မောင်မျိုး = မညီမျှခြင်းတွေကို နားလည်ဖို့ ကြိုးစားရင် မောပန်းနေတဲ့ လူသားတစ်ဦး

Saturday, July 9, 2011

About me (Maung Myo)



ရေးထားပြီးမှ ပျောက်သွားလို့ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ပို့စ် ။ ခင်ရတဲ့သူတွေမို့ အပင်ပန်းခံ ဟိုလှန် ဒီလှန် ဟိုမေး ဒီမေးနဲ့ရေးထားရတာလေးပါ မေးတာတစ်ခြား ဖြေတာတစ်ခြားတွေလည်း ရှိချင်ရှိမှ တက်သလောက်လေးဖြေထားပါတယ် ။

WHAT WAS YOUR:

1. last beverage = ရေ

2. last phone call = အကြွေးတောင်းတဲ့ဖုန်း

3. last text message = မရှိဘူး

4. last song you listened to = ไม่มีสิ่งไหน ( စုံတွဲ သီချင်းလေး တော်တော်ကောင်းတယ် )

5. last time you cried = မငိုပါဘူး ။

HAVE YOU EVER:

6. dated someone twice = တစ်ခါမှတောင် မ date ဖူးဘူး အဟုတ် ။

7. been cheated on = မုသားမပါ လကာင်္မချောတဲ့ သူများအကျိုးမထိခိုက်မယ့် စကားမျိုးဆိုရင်တော့ လိမ်ပြောပါတယ် ။

8. kissed someone & regretted it = ဖက်ခေါင်းအုံး ( အစွပ်က မလျှော်တာကြာလို့ နည်းနည်းတော့ နံနေတယ် ။

9. lost someone special = အင်းး ဖြစ်ဖူးသလိုပဲ ဒါမယ့် ပြန်တွေးမိတိုင်း လွမ်းတသသလေးနဲံ့ တော်တော် ခံစားလို့ကောင်းတဲ့ အရသာလေးပါပဲ ။

10.been depressed = ဖြစ်တယ် ။

11.been drunk and threw up = စိတ်ညစ်တော့ သောက်တယ် သောက်တော့ ပိုက်ဆံကုန်တယ် ပိုက်ဆံကုန်တော့ ပိုစိတ်ညစ်တယ် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ။

LIST THREE FAVORITE COLORS:

12.အဖြူရောင်

13. အနက်ရောင်

14. အပြာရောင်

LAST YEAR (2010), HAVE YOU:

15. Made a new friend = သူငယ်ချင်းတွေအများကြီးရလိုက်ပေမယ့် တကယ်ခင်လို့ရတာ နည်းပါတယ်။

16. Fallen out of love = ပလုံခနဲပဲ ။

17. Laughed until you cried = ဗိုက်နာတဲ့အထိ ရယ်ဖူးတယ်

18. Met someone who changed you = တစ်ယောက်ယောက်ပေါ့

19. Found out who your true friends were = Yaw NaThan (ချစ်ကိုတင့်)

20. Found out someone was talking about you = ပြောကြပါစေ ။

21. Kissed anyone on your FB friend's list = နမ်းစရာလား ပေါက်ကရမေးခွန်းတွေ ( သူနမ်းဖူးလို့ဖြစ်မယ် မော်နီတာမှာ နှုတ်ခမ်းယာကြီးတွေ့တယ်း))

GENERAL:

22. How many people on your FB friends list do you know in real life = ၃-၄ ယောက်လောက်ပါပဲ ။

23. Do you have any pets = မရှိပါဘူး

24. Do you want to change your name = ဒါပဲကောင်းပါတယ်

25. What did you do for your last birthday = မနက်စောစောထ ဘုန်းကြီးဆွမ်းလောင်းပါတယ် ။

26. What time did you wake up today = ၉ နာရီမှထတယ် အလုပ်တက်ချိန်က ၈ နာရီပါ ဒါမယ့် ဘော့စ်မရှိတော့ နဂါးမင်းစည်းစိမ် ခံစားပစ်လိုက်တာ .

27. What were you doing at midnight last night = ခလော ခလော

28. Name something you CANNOT wait for = Toilet အရမ်းဝင်ချင်တဲ့အချိန်

29. Last time you saw your Mother = ပြီးခဲ့တဲ့လက အမေ အလည်လာသွားသေးတယ် ။

30. What is one thing you wish you could change about your life = ဒီတိုင်းလေးလည်း အဆင်ပြေပါတယ်လေ လိုချင်တာတွေ များလေ ပူလောင်လွန်းလို့ ။

31. What are you listening to right now = အဲကွန်းက လေထွက်တဲ့အသံ

32. Have you ever talked to a person named Tom? = နားမလည်လို့မဖြေတတ်ဘူး

33. What's getting on your nerves right now = ဗလကြီးက တအားတောင့်တာ ဆိုတော့ အဲ့တာကတော့ ယုံလိုက်ပါး) ဘယ်သူကြည့်ကြည့် မကြည့်ကြည့် ခပ်တည်တည်နဲ့ ဖေ့ဘွတ် မှာစာရေးနေတယ် ဘာဖြစ်လဲ အဲ့တာလည်း သတ္တိ ပဲဟုတ် ။

34. Most visited webpage =youtube ကျွန်တော့်ဘ၀ဇတ်ခုံ နဲ့ ဖေ့ဘွတ်ပါ

35. Favorite place to go =မွေးရပ်မြေ နဲ့ ကိုညီလင်းသစ်နေတဲ့မြို့ ( မလေးနေတဲ့မြို့ဆိုပြီး ညီမရတနာ နဲ့ တူတူတော့ သွားလည်ချင်သား အလည်ခေါ်မှာမဟုတ်လို့ ထည့်မရေးတော့ဘူးး))

36. Nickname = မောင်မျိုး ( နာမည်ရင်းက လီယိုနာဒိုဒေးဗစ်မျိုး )

37. Relationship Status = အနားမှာ ဘယ်သူရှိလဲ အနားမှာ ဘယ်သူရှိလဲ ( သရဲ )

38. Zodiac sign =ေ၇အိုးထဲက ရေသွန်ချနေတဲ့ပုံ ( ကုမ်ရာသီဖွားပါ)

39. He or She = ရှိတယ် အများကြီးး

40. Elementary = ခဏခဏရိုက်ခံထိတာပဲ မှတ်မိတယ် ။

41. High School = အရမ်းပျော်ခဲ့တဲ့ကျောင်းသားဘ၀လေးပါ ဘ၀မှာ ရည်မှန်းချက်တွေ အရမ်းတောက်ပခဲ့တဲ့အချိန်ပေါ့ အဲ့လိုစိတ်မျိုး အခုနေပြန်လိုချင်စမ်းပါဘိ ။

42. College = သီဟိုသီးတွေ တက်ခူးစားတာ မှတ်မိတယ် ။ ဖားအောက်တောရကျောင်းက ဘုန်းဘုန်းတွေ ရွာထဲ ဆွမ်းခံကြွတုန်းက ကျောင်းက အားလုံးသွားကြတော့ ဘုန်းကြီးဘေး ဆွမ်းလိုက်ခံပေးရတာလေးလည်း အမှတ်တရပဲ ။ ပြီးတော့ ကျောင်းထဲမှာ ချုံတွေ အရမ်းပေါတော့ အပေါ့သွားချင်ရင်လည်း သိပ်အဆင်ပြေပါတယ် ။

43. Hair color = တစ်ခါခါ စိတ်ပေါက်ရင် နီညိုရောင်လေးဆိုးဖြစ်ပေမယ့် သဘာဝအတိုင်းပဲ နေတာများတယ် ။

44. Long or short = ဘာကိုမေးတာလည်း တိုသလား ရှည်သလားဆိုတော့ အလောတော်ပေါ့ဗျာ (ဆံပင်) ။

45. Eye color = အဖြူ

46. Height = အရပ်ကောင်းတော့ အလောင်းလှတယ်တဲ့ မြန်မာ စကားပုံ စတာ အတည်ပြောမယ် ၅ ပေနဲ့ ၃၆ လက်မပါ ။

47. Do you have a crush on someone? = ဖူးတယ် ဖူးတယ် ဘယ်သူလဲဆိုတာတော့မပြောပြဘူး ( ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြည့်တာပါး) အမချစ်ကိုလည်းကျေးဇူး ဟိဟိ

(ပြင်ပေးမယ် မေးခွန်း၄၇ က တယောက်ယောက်ကို စွဲလမ်းရူးသွပ်ဖူးလား လို့မေးတာ...၊ အဲဒါ ပြန်ဖြေ....

အမချစ် :)))

48. What do you like about yourself? = ပျော်စရာတွေ နည်းပါးခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ပျော်အောင်နေတတ်လေးနဲ့ သူများကို အပျော်တွေ ကူးစက်စေချင်တဲ့ ရှိတဲ့ စိတ်လေးကို ကြိုက်ပါတယ် ။

49. Piercings = အခု ပရိုဖိုင်ပုံတင်ထားတဲ့ ပုံလေးမှာတော့ရှိတယ် အကြာကြီးရှိတာတောင် အနာကမကျက်ပဲ နာလို့ ဖြုတ်လိုက်ပြီး အခုတော့ နားပေါက်ပိတ်သွားပါပြီ ။

50. Tattoos = ရှိတယ်း) ဂရင်းမော်ဒယ် ဆိုတဲ့ အယ်ဘမ်ထဲမှာ ရှိတယ် သေချာကြည့်ကြည့် အဖြေမှန်ပြောနိုင်တဲ့သူ မုန့်ကျွေးမယ် ။ အကောင်အကြီးကြီးမဟုတ်ပါဘူး ၇ နှစ်သားလောက်တုန်းက မြို့မှာ ပွဲဝင်တော့ အဖွားက တစ်ယောက်ကို မုန့်ဖိုး ၅ ကျပ်ပေးတုန်းက ညီအစ်ကို သွားထိုးကြတာပါ တော်တော်တော့နာတယ် အခု အသက်ကြီးလာတော့ ဒီအရုပ်လေးမြင်တဲ့သူတိုင်းက တအားရယ်ကြပါတယ်း) ။

51. Righty or lefty = ဘယ် ပြန် ညာ ပြန် လား ။

FIRSTS :

52. First surgery = မရှိ

53. First piercing = မရှိ ( 52.53 က ဘာမှန်းမသိလို့ မရှိ မရှိလို့ေ၇းလိုက်တယ် ဟဲဟဲ)

54. First best friend = မျက်မှန်

55. First sport you joined = သာရည်ကွင်းပစ် ။

56. First vacation =အစ်မ အိမ်ထောင်ကျတော့ ယောက်ဖ နေတဲ့မြို့ ရေတာရှည်မြို့လေးပါ ။

57. First pair of sneakers= မမှတ်မိတော့ဘူး

58. First Crush = စိတ်တိုတိုနဲ့ လိမ်မော်သီးကို ညှစ်ထည့်ပစ်လိုက်တော့ အရည်တွေ တတောက်တောက်ကျလို့ပေါ့ ။

59. First girlfriend/boyfriend = ရွာက မိဂျမ်းပါ အဲ့တုန်းက သူ့ကို တရွှတ်ရွှတ်နဲ့ ခိုးခိုးနမ်းတာ နောက်တော့ သူတို့ရွာပြောင်းသွားတယ် သတင်းကြားတာ အခု ခလေး ၃ ယောက်အမေ ဖြစ်နေတယ်ဆိုလားပဲ ။ boyfriend တဲ့ လူဇိုး ဘာတွေလိုက်မေးနေမှန်းမသိ ဇွတ် ။

RIGHT NOW:

60. Eating = ထမင်း

61. Drinking = ရေ

62. Listening to = Brian Mcfadden Like only a woman can

63. Waiting for = လူလစ်ရင် ခိုးအိပ်မလို့

YOUR FUTURE :

64. Want kids? = ခဏခဏဖြေနေရတယ် အမွှာပူးလေးတစ်ပူးလောက်လိုချင်ပါတယ် ။

65. Get Married? = ဆေးပေး မီးယူလေးတော့ လိုချင်သား ဒါမယ့် မရတာက ခက်တယ် ။

66. Career? = ကျောင်းဆရာဖြစ်ချင်ပါတယ်

WHICH IS BETTER :

67. Lips or eyes = မျက်လုံး

68. Hugs or kisses = ခပ်ကြမ်းကြမ်းသာ ဖက်ထည့်လိုက်စမ်းပါ ။

69. Shorter or taller = လာပြန်ပြီ ဒီမေးခွန်းကြီးတွေ မတိုင်းကြည့်တာကြာပြီ မှတ်ပုံတင်ပြန်ရိုက်မှ သေချာမှတ်ထားတော့မယ်

70. Older or Younger = ever 16 ;)

71. Romantic or spontaneous = Romantic

72. Nice stomach or nice arms = ၂ခုလုံး (လောဘကြီးတယ်)

73. Sensitive or loud = တည်ငြိမ်တယ်လို့ထင်တာပဲ တစ်ခါခါ ပေါက်ကွဲရင်တော့ စကားကျယ်ကျယ် အော်ပြောတတ်ပြီး ဖန်ခွက်ခွဲတာတို့ ပန်းကန်ကို အသံကျယ်ကျယ် ဆောင့်ချပစ်လိုက်တာတို့လုပ်ပါတယ် ။

74. Hook-up or relationship = ?

75. Trouble maker or hesitant =း)

HAVE YOU EVER :

76. Kissed a stranger = လူကိုများအထင်သေးလို့ အားတိုင်း ကစ်စ်ပေးနေတယ်ထင်လားမသိ အော်…မေ့လို့ ရှိတယ် ဖက်လုံး

77. Drank hard liquor = Beer

78. Lost glasses/contacts = contacts

79. Sex on first date = ဘာာာာာ ပြောလိုက်ဒယ် ။

80. Broke someone's heart = ၀က်သည်းတို့ ကြက်သဲတို့တော့ကြိုက်တယ် ။ ၀က်သားဒုတ်ထိုး ကို ငရုပ်ဆီပစ်ပစ်နဲ့တို့ရတာလည်းကြိုက်တယ်း) (မေးခွန်းတစ်ခြား အဖြေ တစ်ခြား ဟဟား )

81. Had your own heart broken = ကွဲချင်တာ ကွဲချင်တာ ခွဲမယ့်သူမရှိလို့း)

82. Been arrested = ဟင့်အင်း

83. Turned someone down = ဟင့်အင်း

84. Cried when someone died =း(

85. Fallen for a friend = ဟင့်အင်း

DO YOU BELIEVE IN:

86. Yourself = သိပ်တော့မကြိုက်လှဘူးး

87. Miracles = သရဲကားတော့ကြိုက်တယ် ။

88. Love at first sight = ပြောကြတာပါပဲ သိပ်တော့ မဖြစ်နိုင်ဘူး ။

89. Heaven = ကောင်းကင်ပေါ်က တိမ်တွေကိုချစ်တယ် ။

90. Santa Claus = အမှတ်တရတွေလည်းသိပ်မရှိတော့ မသိပါဘူး ။

91. Kiss on the first date = ဂယ်ကြီးလား စမ်းသပ်ကြည့်အုံးမယ်

92. Aliens= မသိဘူးး(မေးခွန်းတွေနဲ့ အဖြေတွေနဲ့ လွဲနေတယ်တဲ့ တတ်နိုင်ဘူးး))



P>S = ကိုဗညား ဖေ့ဘွတ် မှာ တဂ်ထားတာလေး ဘလော့မှာ ပြန်ကူးတင်လိုက်တာ ရေးစရာ အသစ်မရှိလို့း)




Monday, July 4, 2011

စိတ်အပန်းဖြေနည်း

အခက်အခဲတွေကြုံတဲ့အခါ မင်းစိတ်ကို ဘယ်လို အပန်းဖြေလဲ အဲဒီအကြောင်းလေးရေးဖူးလား ..... ဒါက ကျနော့်ရဲ့ သူငယ်ချင်းပေးတဲ့ ခေါင်းစဉ်လေး စာရေးပျင်းနေတဲ့ ကျနော့်အတွက် သူမေးတဲ့ မေးခွန်းလေးက ပို့စ်တစ်ပုဒ်လောက်တော့ ရနိုင်ကောင်းပါရဲ့ ပေါ့း) ကျေးဇူးပါ ဆရာဝံ ။

အမှန်တိုင်းဝန်ခံရရင်တော့ ပညာဝမ်းစာလည်း ပြည့်တယ်ရယ်မဟုတ် နောက်တော့ အာဘောင်အာရင်းသန်သန်နဲ့ စကားကိုလည်း လိုက်လျှောညီထွေအောင်မပြောတတ်တဲ့ ကျနော့်မှာ အခက်ခဲတွေ အများကြီးရှိပါတယ် ဒါပေမယ့်လည်း ဒါကပဲ ဘ၀ရှင်သန်းရေးအတွက်ဆိုတော့ ကြိုးစားရတာပါပဲ အရင်က စကားဆိုရင် ကျယ်ကျယ်ပြောရမှာ ရှက်တယ် အခုတော့ တစ်ချို့နေရာတွေကျ မကျယ်လို့မရတော့ ကျယ်ကျယ်ပြောတတ်လာပြီ ။ ကျနော့်မှာ အခက်ခဲ အများစုက မပွင့်လင်းတာပါ မြုံစိစိနိုင်တာပေါ့ တစ်ချို့တွေကိုကျ ပြောမနေချင်လောက်အောင် စိတ်ပျက်ဖူးတယ် အဲ့တော့ ပြောမနေတော့ဘူး ဒီလိုအခါမျိုးဆိုရင်တော့ ဘာမှမဟုတ်တော့သလို စိတ်ကို ဒုံးဒုံးချပစ်လိုက်ပါတယ် တကယ်တော့ ဘာမှမဟုတ်တာမဟုတ်ပါဘူး ပြီးတော့ အလုပ်မှာ ပြသနာပေါ်ရင်လည်း ကိုယ့်ပါသာပဲ အနစ်နာခံ လိုက်တယ် ဒါက ဟီးရိုးဖြစ်ဖို့ ဆရာကြီးလုပ်ချင်လို့စိတ်မျိုးနဲ့လည်းမဟုတ်ဘူး စုပေါင်းအလုပ်ပေမယ့် အလုပ်ရှင်က “ဘယ်သူ့မှာ တာဝန်ရှိလဲ ” လို့မေးလိုက်တိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲ ကျနော်က ကျနော်ပါလို့ ၀န်ခံတတ်ပါတယ် ။ အဲ့လိုတွေဖြစ်ပြီးရင်တော့ ကျနော့်စိတ်ကို ကျနော် အပန်းဖြေပုံမျိုးက စိတ်ဆိုးတဲ့မျက်နှာလည်းမပေါက်ပဲ တစ်ရုံးလုံးနဲ့ ဘယ်သူ့ကိုမှ စကားမပြောပဲ ၂ ရက်လောက် ကိုယ့်အလုပ်ပဲ ကိုဖိလုပ်နေလိုက်ပါတယ် ဒါက အပန်းဖြေနည်းတစ်မျိုး ။


နောက်တစ်နည်းက ကျနော် တအားစိတ်ညစ်လာပြီဆို ခေါင်းလျှော်တာပါ ဇိမ်ခံတာကို အပိုအလုပ်တွေလို့ထင်ပေမယ့် ကိုယ့်ခေါင်းကြီးတစ်ခုလုံး အုံခဲပြီး ပေါက်ထွက်တော့မလို စိတ်ညစ်စရာကြုံတိုင်း ကျနော်ကတော့ ခေါင်းလျှော်ဆိုင်ကိုပြေး ပြီးတော့ ခေါင်းလျှော်တတ်ပါတယ် ပြီးတော့ တိုကပ်နေတဲ့ ဆံပင်လေးကိုလည်း နည်းနည်းလောက်ဖြစ်ဖြစ် ညှပ်လိုက်ရမှ မဟုတ်ရင် ကျနော့်ခေါင်းပေါ်က ဆံချည်တစ်မျှင်ဟာလည်း သံချောင်းတစ်ချောင်းလောက်လေးနေတယ်လို့ ခံစားရပါတယ် ။ ချစ်သူကတော့ပြောသား “ မောင်ကလေ ဆံပင်ရှည်လေးနဲ့ဆို ဟိုကိုးရီးယား မင်းသားလေးနဲ့ သိပ်တူတာ မောင်ရဲ့ ”တဲ့း) ဒါပေမယ့်လည်း ကျနော်ကတော့ ဆံပင်ရှည်လာတာနဲ့ ခေါင်းကြီးက လေးလာပါပြီး အဲ့တာကြောင့် ကျနော် စိတ်ညစ်တိုင်း စိတ်ကိုအပန်းဖြေတဲ့ နောက်တစ်နည်းက ဆံပင် ညှပ် ခေါင်းလျှော်တာပါ ။ ခေါင်းလျှော်ရင်လည်း ခေါင်းကိုက်မပြေသေးရင် အားမနာ လျှာမကျိုး “ အစ်မ ..ကျနော့်ကို နာနာလေးဆွဲပေးပါဗျာ ” နားထင်ကြော ဇတ်ကြောပြောပါတယ် ။


ပြီးတော့ အိပ်ယာထဲ ခွေတတ်တဲ့ အကျင့်လည်း ရှိသေးတယ် နေတွေထိုးနေပေမယ့် လုံးဝမထပဲ ခွေနေတာမျိုးပါ ပြီးတော့ မျက်နှာမသစ် သွားမတိုက်သေးပဲလည်း ဘေးနားက ရေပုလင်းထဲကရေတွေ ဗိုက်ကြီးတင်းသွားအောင် သောက်ပစ်လိုက်တယ်
ပြီးရင် ပြန်အိပ်တယ် အခန်းတစ်ခုလုံးကိုလည်း ပွနေအောင်ဖွထားလိုက်တယ် ဖတ်ပြီးသား စာအုပ်တွေထဲက ကာလာပင်လေးတွေနဲ့ တားထားတဲ့ စာကြောင်းတွေပြန်ဖတ်တယ် ။ သီချင်းနားထောင် ပြီးတော့ ဟာသလိုင်းတွေ ကြည့်ပါတယ် ကျနော့်စိတ်က တစ်မျိုးတော့ကောင်းတယ်ပြောရမလားမသိ ကြာကြာ စိတ်မညစ်တတ်ပါ စိတ်ညစ်စရာတွေ ခေါင်းထဲ ရှိပေမယ့်လည်း ရယ်စရာတစ်ခုတွေ့လို့ စိတ်လွတ်ကိုယ်လွတ် ရယ်မောပစ်လိုက်ပြီဆိုရင် ခေါင်းထဲမှာ ခဲနေတဲ့ ခေါင်းခဲစရာတွေက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်တာပါ ။


အမှန်တိုင်းဝန်ခံရရင်တော့ ကျနော့်စိတ်က တော်တော်နုပါတယ် ခံစားလွယ်တာပါ အဲ့တာကြောင့် ကိုယ့်စိတ်ကိုယ် သိတဲ့အတွက် ခံနိုင်ရည်မရှိနိုင်လောက်ဘူးထင်တဲ့ စိတ်ညစ်စရာမျိုးတွေ တော်တော် ရှောင်ပါတယ် နောင်တဆိုတာကလည်း နောင် မှ တ ရတာမျိုးမဟုတ်လား အဲ့တော့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ထွက်ပေါက်လို့ထင်တဲ့ အပန်းဖြေမှုတစ်ခုကို လုပ်တော့မယ်ဆိုရင် တော်တော် စဉ်းစားပါတယ် ကိုယ်မသေချာဘူးထင်တဲ့ အလုပ်မျိုး စိတ်ညစ်ရမယ့် အလုပ်မျိုးဆိုရင် ရှောင်ပါတယ် နောက်တော့ ကျနော့်အနီးနားက သူငယ်ချင်းတွေကို ဖွင့်ပြောတိုင်ပင်တယ် “ ငါတော့ ဒါမျိုးလေး လုပ်ဖို့တွေးထားတယ် မင်းအနေနဲ့ဆိုရင်ကော ဘယ်လိုမြင်လဲ အကြံပေးနိုင်မလား ” အဲ့လိုပေါ့ ကံကောင်းတာတစ်ခုကလည်း အဲ့လိုမျိုးဖွင့်ပြောတိုင်ပင်နိုင်လောက်တဲ့ သူအနည်းကျင်းလေး ကျနော့် နားမှာ တကယ်ရှိနေသေးတာပါ ။ အဲ့တာကြောင့် အခက်ခဲအကြီးကြီးတွေ ကျနော့်မှာနည်းပါတယ် ။ အမြတ်များများလိုချင်ရင် များများရင်းရမယ်ဆိုတဲ့စကားမှန်ရင်တော့ ကျနော်စွန့်စားမှုတွေနည်းလို့ အောင်မြင်မှုတွေ နည်းနေနိုင်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။

အဆုံးသတ်နိဂုံးချုပ်ရရင်တော့ကျနော် စိတ်ညစ်တဲ့ အခါတိုင်း အခက်ခဲကြုံတဲ့အခါတိုင်း ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပဲ အဲံ့အချိန်အတောအတွင်းလေးမှာ ကိုယ့်စိတ်ထဲရှိတာလေး လုပ်လိုက်ရခြင်းပါပဲ မေးကြီးနှစ်ဖက်ထောက် ခေါင်းစုတ်ဖွားကြီးနဲ့ အူတူတူနေတဲ့ပုံစံမျိုး ။ လမ်းလျှောက်ရင် လှုပ်စိလှုပ်စိနဲ့ တစ်လှမ်းချင်း တွေးချင်ရာတွေး ငေးချင်းရာငေးနေတဲ့ ပုံစံမျိုး ။ ဟောက်လို့ရမယ့်ထင်တဲ့သူတွေကို နည်းနည်းဖိဟောက်တတ်တာမျိုး ။ ရေအကြာကြီးချိုးတတ်တာမျိုး ။ မှန်ကြည့်ပြီး နှာခေါင်းပေါက်ထဲက နှာခေါင်းမွှေးတွေ နှုတ်တာမျိုး ရွဲ့လိုက်စောင်းလိုက် မျက်နှာအမူယာ အမျိုးမျိုးလုပ်ပြီး ၀က်ခြံညှစ်တာမျိုးတွေက ကျနော့်ရဲ့ စိတ်အပန်းဖြေနည်းတွေပါပဲ ။ အားလုံးလည်း အခက်ခဲအနည်းဆုံးနဲ့ စိတ်ချမ်းသာမယ့် စိတ်ညစ်ပြေမယ့် အပန်းဖြေနည်းလေးတွေ တွေ့ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ ။



Sunday, July 3, 2011

เพื่อใทย



လက်ရှိ ၀န်ကြီးချုပ် အဘီစစ်ပါ သူ့ကိုတော့ ပညာတတ် လူငယ်အသိုင်းဝိုင်းနဲ့ တော်ဝင်မိသားစုများက ကြိုက်နှစ်သက်ကြပါတယ် ။

ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့ပေါ့ ကိုယ်နဲ့ ဘာဆိုင်သလိုဆိုတော့ ဘာမှလည်းမဆိုင်ပါဘူးလေ ဒါပေမယ့် ဒီမှာ နေနေတဲ့ ကိုယ့်အတွက် မြင်နေရတာလေးကတော့ ရွေးကောက်ပွဲဆိုတာ ဒီလိုပြိုင်ဆိုင်မှု ရှိမှန်း အသဲကြားက အမဲသား အယ်လေ မဲတစ်ပြားလည်း မပေးဘူးလေတော့ စိတ်ဝင်စားမိတာလည်း အမှန် ရွေကောက်ပွဲမတိုင်ခင် ၃-၄ လလောက်ကတည်းက မဲဆွယ်စည်းရုံးရေးဆင်းတဲ့ အလုပ်တွေ အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်နေကြတာတွေ့တယ် ။ ထိုင်းသူငယ်ချင်းတစ်ချို့ကို မေးကြည့်ဖြစ်တယ် “ မင်းက ဘယ်အဖွဲ့ကိုကြိုက်တာလဲ ” အဖြေတွေအမျိုးမျိုးပြန်ကြားရတယ် “ နံပါတ်တစ်ပေါ့ အနီကိုပိုကြိုက်တယ် သူတို့ကတော်တာကွ” ။ “စိတ်မ၀င်စားတော့ပါဘူး ဘယ်သူတက်တက် ဘာမှလည်းသိပ်ထူးလာတာမဟုတ်တော့ အာရုံသိပ်မရှိဘူး ” ။ “ ခိုက်ရန်ဖြစ်ပွားမှုတွေမရှိရင်တော်ပါပြီလေ အဲ့လိုတွေ မြင်တွေ့ရတာစိတ်မချမ်းသာဘူး ” ဒါက ကိုယ်နဲ့ နီးစပ်သူတစ်ချို့ဆီက ပြန်ကြားမိတဲ့စကားတွေ ။။



မြောက်ပိုင်းသား အများစုနဲ့ နိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ အနီရောင်ရှပ်ဝတ်များရဲ့ ပါတီခေါင်းဆောင် ပါ ။

အခု နံပါတ်တစ်ပြေးနေတာ ကတော့ အရင် ၀န်ကြီင်္းချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်စ် ရဲ့ ညီမ ရင်လက်ရှင်နာဝပ်စ် သူတို့ ပါတီက နှစ် ၄၀ ပါတီအကြီးစားကြီးပါ တော်တော် အရှိန်ဝါကြီးကြီးနဲ့ လက်ရှိ အဘီစစ်အစိုးရကို စိန်ခေါ်နိုင်တဲ့ တစ်ခုတည်းသောပါတီပေါ့ သူတို့ပါတီက နံပါတ်တစ် အဘီစစ်ပါတီက နံပါတ် ၁၀ မြို့ထဲသွားလည်း “ နံပါတ်တစ်” ၊ “နံပါတ် ၁၀ ” မိုကြီးတွေနဲ့ အော်အော် ပြီး ကြော်ငြာနေကြတာ ဒါပေမယ့် မြောက်ပိုင်းသားတွေဖြစ်တဲ့ င်္ဒီက ထိုင်းတွေရဲ့ ရင်ထဲမှာတော့ သက်ရှင်ရဲ့ ပါတီကို အကြိုက်များတာ သတိထားမိတယ် ။ လက်ရှိဝန်ကြီးချုပ်တတ်လာမှာ ကုန်ဈေးနှုန်းတွေ တက်လာတာ ၊ ကမ်မောဒီယား အရေးမှာ ဖြေရှင်းတာ ပျော့ညံ့တယ် ၊ ပိတ်ရက်တွေများပြီး အရာမရောက်တာတွေများတယ်ဆိုတာမျိုး သူတို့ပြောတာတွေ သတိထားမိပါတယ် ။ ငွေကြိုက်တဲ့ ခလေးဆိုးင်္ကြီး မြန်မာအစိုးရနဲ့ ကောင်းကောင်း ပနာမစားနိုင်လို့ မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတားကြီး ကာလရှည် ပိတ်ထားရတဲ့အတွက် စီးပွားရေး ထိခိုက်တယ်ဆိုပြီး လက်ရှိ အစိုးရကိုမကြိုက်တဲ့သူတွေကတော့ ဒီမှာတော်တော်များပါတယ်။


ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာတော့ သက်ရှင်မိသားစုင်္ကြီးက ချမ်းသာကြွယ်ဝမှု အရှိန်ဝါကြီးမြင့်မှုတွေနဲ့ အနိုင်ရသွားလိမ့်မယ်လို့ ကျနော်တော့ထင်တယ် လက်ရှိလည်း ခန့်မှန်းချေတွေအရ သူက နံပါတ်တစ်ပြေးနေတာ တွေ့ရပါတယ် ဒီအမျိုးသမီးက လက်ရှိအသက် ၄၁ နှစ်ပဲရှိသေးတာပါ သူမသာ အနိုင်ရရှိခဲ့ရင် ထိုင်းနိုင်မှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ် သူတို့ရဲ့ ပါတီ ဆောင်းပုဒ်လေးကိုလည်း သဘောကျမိတယ် คิดไหม๋ ทำไหม เพื่อใทย ทุกคน ( ခစ် မိုင် ထန်မိုင် ဖု့ဝန့်ထိုင်း ထုခွန်း ) တဲ့ ထိုင်းလူမျိုးတွေ အားလုံးအတွက် အတွေးသစ် အလုပ်သစ်တွေ လုပ်ကြပါစို့ ဆိုတဲ့ ဆောင်းပုဒ်လေးပါ ။





နယ်မြို့များရဲ့ မဲပေးနေရာများ ။


သူတို့နိုင်ငံမှာ ပြသနာတွေ ခြို့ယွင်ချက်တွေရှိနေတယ်လို့ သတင်းတွေမှာ ကြေငြာနေပေမယ့် ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာတော့ လုံခြုံရေးတွေ ချ အတိကျ မဲပေးမှုလေးတွေ တွေ့နေရတာ ဘာကြောင့်မှန်းမသိ အားကျမိပါတယ် ။ ၀န်ကြီးချုပ် အဟောင်းပဲ အနိုင်ရလို့ နိုင်ငံရဲ့အခြေနေ ဘယ်လိုပြောင်းလဲမလဲ အနီရောင်ပါတီကြီး နဲ့ အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာနိုင်မလားဆိုတာတွေဟာလည်း စိတ်ဝင်စားစရာပါ မကြာခင် ဘယ်သူအနိုင်ရမလဲဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်ပေမယ့် စိတ်ဝင်စားမိတာတော့ အမှန်ပါပဲ ။

ပုံတွေကို teenee.com မှ ယူပြီး ဖတ်မိသမျှ နားထောင်မိသမျှထဲက ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...